Watchmen HD

Watchmen

Action Mystery Science Fiction HD 2009-03-04 7.333 163 Min

ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲကတစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီအကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Versionပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီးလက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။ငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီးအာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ အခြားအပြိုင်စကြဝဠာတစ်ခုမှာဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။အဲဒီစကြဝဠာမှာ ဒေါက်တာမန်ဟက်တန်ရဲ့ အကူအညီနဲ့အမေရိကန်တွေ ဗီယက်နမ်မှာ စစ်နိုင်ခဲ့ပြီးအမေရိကန်ပြည်နယ် ၅၁ ခုဖြစ်သွားတာမို့ ရုပ်ရှင်ထဲက အမေရိကန်အလံတိုင်းမှာကြယ် ၅၁ လုံးပါဝင်နေတာကို တွေ့ပါလိမ့်မယ်။အပြင်လောက အလံအစစ်က ပြည်နယ် ၅၀ ကိုကိုယ်စားပြုတဲ့ ကြယ် ၅၀ ပဲ ပါဝင်တာပါ။Watchmen စူပါဟီးရိုးအဖွဲ့က ရဲတွေကနေ အစပြုတာပါပဲ။ရဲအချို့ဟာ သူတို့ဖမ်းသမျှလူဆိုးတိုင်း ပြန်ပြန်လွတ်လာကြတာကိုသည်းမခံနိုင်တော့တဲ့အတွက် မျက်နှာဖုံးတွေစွပ်ပြီးဥပဒေပြင်ပ ရာဇဝတ်တိုက်ဖျက်ရေး ဗီဂျလန်တီတွေအဖြစ် လုပ်ဆောင်လာကြပါတယ်။အဲဒီကနေမှ 1939 လောက်မှာ မျက်နှာဖုံးစွပ်ဝက်ချ်မန်းအဖွဲ့စတင်ခဲ့တာပါ။အစပိုင်းမှာ အလုပ်ဖြစ်ခဲ့သလို ပြည်သူတွေက ထောက်ခံခဲ့ပေမဲ့၁၉၇၇ မှာ မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကိုတရားမဝင်ကြေညာတဲ့ဥပဒေထွက်ပေါ်လာပြီး ဝက်ချ်မန်းအဖွဲ့အနားယူသွားခဲ့ပါတယ်။တရားမဝင်ကြေညာထားတာကို ဂရုမစိုက်ဘဲဝရမ်းပြေးအဖြစ် ဆက်လုပ်နေတဲ့သူကတော့ရော်ရှက်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ဇာတ်လမ်းစတင်ချိန်ကတော့ ၁၉၈၅ ဝန်းကျင်စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးအချိန်၊ အမေရိကန်နဲ့ဆိုဗီယက်အဏုမြူစစ်ကြောင့် ကမ္ဘာကြီးပျက်စီးလုနီးနီးကာလမှာပါ။အနားယူသွားတဲ့ ဝက်ချ်မန်းအဖွဲ့ထဲက ကော်မီဒီယံ(ဟာသသမား)ဆိုတဲ့သူအသတ်ခံရပြီးနောက်မှာ ရော်ရှက်က မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကိုပစ်မှတ်ထားပြီးလုပ်ကြံတဲ့သူရှိနေပြီလို့ သံသယရှိတဲ့အတွက် လိုက်စုံစမ်းလာခဲ့ပါတယ်။အဲဒီကမှ ဝက်ချ်မန်းအဖွဲ့ထဲက ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားဆိုတဲ့အိုဇီမန်းဒီးရက်အပြင် နိုက်အောင်း၊ ဒေါက်တာမန်ဟက်တန်တို့ပါပတ်သက်လာပြီး ဝက်ချ်မန်းတွေလုပ်ကြံခံနေရတဲ့နောက်ကွယ်ကအကြီးဆုံးအန္တရာယ်ကြီးတွေကို တွေ့ရှိလာပါတော့တယ်။