Dawn of the Planet of the Apes 4K

Dawn of the Planet of the Apes

ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေလွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီးလူတော်တော်များများ သေကုန်ကြပါတယ်။Caesarဦးဆောင်တဲ့ မျောက်တွေကတော့San Francisco မြို့နားကတောထဲမှာအေးအေးဆေးဆေးနေနေ ကြပါတယ်။ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသားMalcolm (Jason Clark) ဦးဆောင်တဲ့လူတွေရောက်လာပြီး၊မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီးဘာတွေဖြစ်လာကြမလဲဆိုတာ…………။ဒီဇာတ်ကားက အကောင်း ဆုံးအထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့်လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကိုပရိသတ်တွေကပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင်Caesar အဖြစ်သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေးမှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါနောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေးတွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ဆိုပါတယ်။အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကိုထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကျိုးနဲ့ သဘောတရားကိုလည်းလူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။