ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကိုသုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့လူသားတွေဟာစစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်…။လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက်ကမ္ဘာ့မျက်နှာပြင်အောက်သို့ ရွေ့ပြောင်းနေထိုင်ရင်းခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်…။နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီးကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ….။ဇာတ်လမ်းက အခုမှစမှာပါ….ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲစက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်….။ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာနောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ…..။