မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီးနာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ်မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါတော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါစရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး သူ့ရဲ့ ရွှတ်နောက်နောက် ကာရိုက်တာနဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ အပေါက်အလမ်းမတည့်မှုက သူ့အတွက်တော်တော်လေး ဒုက္ခရောက်စေပါတယ်အနေနီးလို့ သူချစ်မိသွားတဲ့ ရေခဲတုံးမင်းသားလေးရဲ့ အချစ်ကို ရယူချင်ပေမယ့် မင်းသားမှာ ပိုင်ရှင်ရှိနေတာမို့ ဒေါက်တာ မလေးခင်ဗျာ ချစ်သူနဲ့ ပေါင်းဖက်နိုင်ပါ့မလား… ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးဒီထဲက ဒေါက်တာမလေးရဲ့ အပြုံးအရယ် အလှနဲ့တင် သိပ်ကိုကြည်နူးစရာကောင်းနေပြီမို့ ကြည့်ရတာ တန်မယ့်ကားတစ်ကားပါ