3 Idiot Heroes HD

3 Idiot Heroes

Comedy HD 2023-11-30 7 88 Min

ဇာတ်လမ်းနာမည်အတိုင်းပဲ “အရူးဟီးရိုး ၃ ယောက်” ရဲ့အလွဲတွေကို အသားကုန်ခွီရမယ့် ဟာသကားသစ်လေးပါ။တောပုန်းဓားပြတွေသောင်းကျန်းတဲ့ခေတ်မှာ ရွာသူရွာသားတွေခမျာ ခက်ခက်ခဲခဲရှင်သန်နေထိုင်ကြရတာပေါ့။အဲဒီလိုတောပုန်းဓားပြရန်ကိုခံရတဲ့အထဲ “လဘျူ” ရွာလည်း အပါအဝင်ပါပဲ။တစ်နေ့ လဘျူရွာသူရွာသားတွေပိုင်တဲ့ မျိုးစေ့တွေကို တောပုန်းဓားပြညီနောင်တို့အဖွဲ့က ဓားပြလာတိုက်ကြရာကနေရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ဓားပြခေါင်းဆောင်ရဲ့ညီဖြစ်သူသေသွားပါလေရော။အဲဒီလိုနဲ့ ဓားပြတွေကလဲ့စားပြန်ချေမှာကိုကြောက်သွားကြတဲ့ လဘျူရွာသားတွေထဲကမှထွက်မပြေးဘဲ ဓားပြတွေနဲ့ရင်ဆိုင်မယ်ဆိုတဲ့ သူရဲကောင်းသူငယ်ချင်း ၃ ယောက်ပေါ်ထွက်လာပါတော့တယ်။