Stalked by My Stepsister HD

Stalked by My Stepsister

Drama Thriller TV Movie HD 2023-10-26 8 87 Min

ဇာတ်လမ်းကတော့ဒီလိုပါ။ခန့်နဲ့ လော်ရာတို့လက်ထပ်လိုက်ကြတော့ သူတို့မှာ သမီးတစ်ယောက်စီပါလာတယ်။ ခန့်ရဲ့သမီးကဒက်ဗင်၊ လော်ရာ့သမီးက မက်ဒီ။ ခန့်နဲ့လော်ရာတို့က အခုကြိုက်အခုလက်ထပ်လုပ်လိုက်တော့ အဲဒီညီအစ်မလောင်းနှစ်ယောက်က အချင်းချင်းမသိခဲ့၊မတွေ့ဖူးကြဘူး။ တစ်ရက်ကျ ဒက်ဗင်က လန်ဒန်မှာကျောင်းတက်နေရာကနေပြန်လာပြီး အဲဒီ၄ယောက်လုံးတစ်အိမ်တည်းအတူနေဖို့ဖြစ်လာတယ်။ဒက်ဗင်က အရမ်းချိုသာယဉ်ကျေးပြီး ပြီးပြည့်စုံတဲ့ညီမတစ်ယောက်ပုံစံဟန်ဆောင်နေပေမဲ့ သူအိမ်ရောက်လာကတည်းက အမေနဲ့သမီးကြားသွေးခွဲ၊ ကိစ္စတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အကုန်မက်ဒီ့အမှားအဖြစ်ပုံချခံရ၊ မက်ဒီ့ဘေးနားက ချစ်ရတဲ့သူတွေလည်း အန္တရာယ်ကျရောက်လာတဲ့အခါမှာတော့…။မက်ဒီတစ်ယောက် ဒက်ဗင့်လှည့်ကွက်တွေကြားဘယ်လောက်ထိ ခံနေရပြီး ဘာတွေပေးဆပ်လိုက်ရမလဲ၊ သူဒက်ဗင့်လှည့်ကွက်ထဲကနေရုန်းထွက်နိုင်ပါ့မလား၊ နောက်ဆုံး မက်ဒီပဲဖော်ထုတ်နိုင်မလား၊ အရင်က ဒက်ဗင်ရှင်းပစ်ခဲ့တဲ့ သူ့အဖေရဲ့ဇနီးလောင်းတွေလိုပဲ မက်ဒီတို့သားအမိ အဆုံးသတ်သွားပြီး ဒက်ဗင်ပဲနိုင်သွားမလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။