ဒီတစ်ခေါက်မှာတော့ ၂၀၀၄ တုန်းကထွက်ရှိခဲ့တဲ့ Horror မူဗီဟောင်းလေးကိုတင်ဆင်ပေးချင်ပါတယ်လွန်ခဲ့တဲ့ တစ်နှစ်လောက်က မတော်တဆမှုကြောင့် အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးဟာသူ့ဘဝမှာ ရည်ရွယ်ချက်ပျောက်ဆုံးပြီး အရာရာကစိမ်းသက်နေတာမို့ နိုင်ငံခြားကိုထွက်သွားဖို့ ရည်ရွယ်နေသူလေးပါလက်ရှိဘဝမှာတော့ သူဟာ ရှက်ကြောက်တတ်တဲ့သူပေမယ့် ဘယ်လိုရှုပ်လီပွေနေတဲ့သူ့အတိတ်ကြောင့်လဲမသိသူ့သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြပါတယ်အဲဒါအပြင် သူကိုယ်တိုင်လည်း ထူးဆန်းတာတွေမြင် အိမ်မက်ဆိုးထဲမှာလည်းခြောက်လှန့်ခံလာရပါတော့တယ်သူက အတိတ်မှာ ဘယ်လိုလူမျိုးဖြစ်ခဲ့တာမို့ ဒီလိုအကျိုးဆက်တွေကိုခံစားနေရတာများလဲကိုယ့်ကိုယ်ကိုယ် ကိုယ့်အတိတ်ကို ပြန်ရှာနေတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးအကြောင်းကိုHorror vibe အပြည့်နဲ့ကြည့်လိုက်ရအောင်နော်