20th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာစတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animationဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကိုလှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစားလေးပါ။ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ်ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်ငွေသန်း ၁၄၀ ကျော်အထိရရှိခဲ့တာပဲဖြစ်ပါတယ်။” စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းကဘယ်လိုလွတ်လာခဲ့တာလဲ ” ၊ ” လက်ဖက်ရည်ကို ဘယ်လိုလေးမှကြိုက်တတ်လဲ ” ….ဒီမေးခွန်းတွေကို မှန်အောင်ဖြေနိုင်ဖို့ ကြိုးစားကြတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးပေါ့။နန်းတော်ကြီးတစ်ခုလုံး အမဲဖျက်ခံခဲ့ရတဲ့ညမှာ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးပဲရှိပါတယ်။ ဘွားတော်ဘုရင်မကြီးဟာ အတူထွက်ပြေးလာပြီး ခရီးဆုံးအထိအတူမလိုက်နိုင်ခဲ့သူ မြေးမလေးကို ရှာနေတယ်ဆိုတဲ့ သတင်းက ဆုကြေးငွေဆယ်သန်းကြောင့် ဟိုးလေးတကျော်ကျော်ပါပဲ။ စားဖိုဆောင်မင်းစေဘဝနဲ့ ကြီးပြင်းလာပြီးတော်လှန်ရေးကြောင့် လမ်းဘေးရောက်ခဲ့ရတဲ့ Dimitri ရဲ့အကြံအတိုင်း ပဲရစ်ကဘွားတော်ဘုရင်မကြီးကို အယုံသွင်းဖို့ Anastasia နေရာမှာ သရုပ်ဆောင်ပေးနိုင်မယ့်မိန်းကလေးတစ်ယောက်ကို ရှာဖွေနေကြရင်း … အတိတ်မေ့နေတဲ့ Anya ဆိုသူ မိဘမဲ့ကောင်မလေးနဲ့ ဆုံဖြစ်တဲ့အခါ …. ချောင်းကိုရှာရင်း မြစ်ကိုတွေ့ပါတော့တယ်။