The Archies HD

The Archies

Comedy Drama Romance HD 2023-12-07 8 144 Min

Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောteen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့သမီး‌ချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီးအသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။“အာချီ” ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ “The Archies” ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါးဖော်ပြထားတာပါရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ်မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park မှာ ဟိုတယ်ဆောက်ဖို့အာဏာပိုင်တစ်ချို့နဲ့ ကြံပါတော့တယ်ဒါကို သဘာဝ အလှတရား ချစ်မြတ်နိုးတဲ့ ဆယ်ကျော်သက်ကလေးတွေက သူတို့တန်ဖိုးထားတဲ့ အိပ်မက်မြို့လေး ရေးဗားဒေး စီးပွားရေးသမားလက်ထဲ မရောက်အောင်ဘယ်လို အဖြေရှာ ကယ်တင်ကြမလဲ အာချီရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘာလဲ ဘယ်လဲ ဆိုတာကို Netflix ထုံးစံအတိုင်း teen အငွေ့အသက်အပြည့်နဲ့ set designနောက်ခံသီချင်းစုံလင်စွာ ရိုက်ကူးတင်ဆက်ထားတာကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ်