Cyberbunker: The Criminal Underworld FHD

Cyberbunker: The Criminal Underworld

Crime Documentary FHD 2023-11-08 6.591 102 Min

ဒီ Documentaryဟာ အင်တာနက်​ခေတ်ဦးကာလက​​နေ စလို့ဒီဘက်​​​ခေတ်အထိ နည်းပညာရပ်ဝန်းမှာ အ​တော်လူသိများတဲ့Cyberbunkerလို့​ ခေါ်တဲ့ Server hostတစ်ခုအ​ကြောင်းပါ။သူတို့ရဲ့serverကို သုံးစွဲသူ​တွေ အ​တော်​လေးများခဲ့သလို အဲဒီဆာဗာ​တွေကို သုံးစွဲတဲ့ရည်ရွယ်ချက်​တွေကလည်း မျိုးစုံပါပဲ။ဒီHosting serviceကို တည်​ထောင်ခဲ့သူက နယ်သာလန်သားဟာမန်းဇန့်တ် ဖြစ်ပြီး သူတို့ရဲ့ ရုံးချုပ်ကြီးကို ဂျာမဏီနိုင်ငံမှာရှိတဲ့ ထရာဘန်ထရာဘာ့ခ်မြို့​လေးက World War2လက်ကျန်ဘန်ကာကြီးတစ်ခုထဲမှာ ဖွင့်ထားတာဖြစ်လို့ Cyber- Bunkerရယ်လို့ခေါ်တာပါ။ သူတို့ရဲ့ဆာဗာ​တွေကို လွတ်လွတ်လပ်လပ်သုံးခွင့်​​ပေးထားတယ်ဆို​ပေမယ့် လွပ်လပ်မှုရဲ့​ နောက်ကွယ်မှာကပ်ပါလာတဲ့ ဒုစရိုက်မှု​မှောင်ခိုလုပ်​ငန်းတွေ ရှိ​နေတာကို ရိပ်စားမိတဲ့ အာဏာပိုင်​တွေကအဲဒီဆာဗာ​တွေနဲ့ ဒေတာ​တွေကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားရင်းCyberbunkerရဲ့​နောက်ကွယ်က လျှို့ဝှက်ချက်​တွေကို ​ဖော်ထုတ်မိသွားပါတော့တယ်။