Tramps FHD

Tramps

Comedy Romance FHD 2016-09-10 6.131 82 Min

ဒီကားထဲမှာ ပါဝင်သူတွေကတော့ Fantastic Beastsကားတွေနဲ့ လူသိများတဲ့အင်္ဂလိပ်မင်းသားချော Callum Turnerနဲ့ Tell Me Liesထဲက မင်းသမီးချောလေးGrace Van Pattenပဲဖြစ်ပါတယ်။Dannyဟာ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပေမဲ့ အစ်ကိုဖြစ်သူကအချုပ်တစ်ရက်ကျနေတာကြောင့် အစ်ကို့အစား တရားမဝင်အလုပ်တစ်ခုကိုလုပ်ပေးဖို့ဖြစ်လာပါတယ်။ လုပ်ပေးရမယ့်ကိစ္စကတော့ အထဲမှာဘာပါမှန်းမသိတဲ့လက်ဆွဲအိတ်ကို ပို့ဆောင်ပေးရမှာပါ။ကြောက်တတ်တဲ့Dannyက မလုပ်ချင်ဘူးလို့ငြင်းပေမဲ့ အမေကပါ ဇွတ်လုပ်ခိုင်းတာကြောင့် မတက်နိုင်တော့ပါဘူး။ ဒီလိုမျိုးတွေတစ်ခါမှမလုပ်ဖူးတဲ့Dannyဟာ အိမ်ကစထွက်တည်းက တုန်တုန်ချိချိနဲ့သူတက်စီးရမယ့်ကားက မိန်းကလေးမောင်းတာဖြစ်နေပါတယ်။ နှစ်ယောက်သားကြောက်ကြောက်လန့်လန့်နဲ့ လက်ဆွဲအိမ်ယူလာရင်း တစ်ဖန်လက်ဆင့်ကမ်းပေးရမယ့်အဆင့်မှာလူလွဲပြီးပေးလိုက်မိပါတယ်။ဒီလိုကိစ္စတွေနဲ့ မပတ်သတ်ဖူးတဲ့ Dannyအဖို့ အိတ်ထဲကလည်း ဘာပါမှန်းမသိ ပေးလိုက်မိတဲ့လူကလည်းတလွဲဆိုတော့ ခေါင်းမီးတောက်ပါပြီ။ခုနကသူ့ကို ကားမောင်းပို့ပေးတဲ့မိန်းကလေးနဲ့ အိတ်ကိုပြန်ရှာဖို့လုပ်ရပြန်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။