ဇာတ်လမ်းအစမှာတော့ ချာလီတယောက် စိတ်ကုထုံးဆရာ၀န်နဲ့ တိုင်ပင်စကားပြောနေတာကနေ စထားပါတယ်။ ချာလီက သူ့ဘ၀ဟာ ကူညီရေးစင်တာမှာ လိပ်ပြာပုံတူတက်တူးနဲ့ မိန်းမတယောက်နဲ့တွေ့ပြီးဘယ်လိုဒစ်လည်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြနေပါတယ်။ချာလီဟာ ဘိန်းဖြူစွဲနေတဲ့ ဆေးသမားတယောက်ပါ။ တနေ့ကျ ကူညီရေးစင်တာက အရက် မူးယစ်ဆေး အစရှိတဲ့အရာတွေကိုစွဲလမ်းနေတဲ့သူတွေကို ကူညီပေးတဲ့ စကားဝိုင်းမှာ လိင်ကိစ္စကိုစွဲလမ်းနေတဲ့ မိန်းမတယောက်နဲ့တွေ့လိုက်ရပါတယ်။ဒီလိုနဲ့ ဘိန်စားချာလီတယောက် လိင်ကိစ္စစွဲလမ်းနေတဲ့မိန်းမကိုစွဲလမ်းသွားပြီးနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ရာဇ၀တ်မှုတခုကို အတူကျူးလွန်ဖို့ တိုင်ပင်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်လိုအလွဲတွေတွေ့ရမလဲ နောက်ဆုံး ဘာတွေဖြစ်သွားမလဲသူတို့နှစ်ယောက်ရဲ့ရာဇ၀င်က ဘာတွေလဲဆိုတာ ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။