ဆွန်ယာနဲ့ဂျေဆန်တို့လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ကလေးလေးကို ဆုံးရှုံးပြီးလိုက်ရပြီးနောက်မှာ သူတို့နှစ်ယောက်လည်းအဆင်မပြေဖြစ်ပြီး ကွဲမလိုဖြစ်ခဲ့ကြပါတယ် ဆွန်ယာတစ်ယောက်လည်းဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနေရတဲ့အထိဖြစ်နေပါတယ် အဲ့လိုဖြစ်နေချိန်မှာ ဆွန်ယာဟာ စိတ်ထွက်ပေါက်အနေနဲ့ညသူနဲ့အတူတူအလုပ်လုပ်နေတဲ့ သူဌေးရော့ဘတ်နဲ့ဖောက်ပြန်မိပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက် sex chat နေရင်း ရော့ဘတ်တစ်ယောက် ကာမစိတ်အလွန်နိုးကြားခြင်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ရောဂါနဲ့မတော်တဆသေဆုံးသွားပါတယ်ရော့ဘတ်မှာလည်း မီယာဆိုတဲ့ ဇနီးသည်ရှိပါတယ် မီယာဟာ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာမကျေမနပ်ဖြစ်ပြီး သူခံစားခဲ့ရတဲ့အတိုင်း ဆွန်ယာကိုလက်စားပြန်ချေဖို့ဆုံးဖြတ်လိုက်ပါတယ် အဲ့ဒီတော့ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့အတိုင်း သူ့ယောက်ျားသေရတဲ့အတွက်ဆွန်ယာရဲ့ယောက်ျားဖြစ်သူ ဂျေဆန်ကို အသုံးချပြီး ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ