ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ မန်ချူးလူမျိုးစုတွေက ကွမ်းကျိုးမြို့ကိုအပိုင်သိမ်းထားရာကနေ စတင်ပါတယ်။ သူတို့က မြို့နေပြည်သူတွေကို နိုင်လိုမင်းထက်ပြုမူပြီးတော့ သူတို့ကို မထောက်ခံသူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီးသတ်ပစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်စီးလို့စီးနဲ့ ထင်ရာစိုင်းကြတာပါ။ မန်ချူးခေါင်းဆောင် ထျန်းသာ့စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သူကလူလယ်ခေါင်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကို ချုံးဝမ်းကျောင်းတော်က ဆရာကြီးဟော့နဲ့ ကျောင်းသားတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့က မန်ချူးတွေကို ဆန့်ကျင်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဘာသိုင်းပညာမှ မတတ်တာမလို့ ကျောင်းတော်အပါအဝင် ကျောင်းသားတွေလည်း သေကြေပျက်စီးကြရတယ်။အဲဒီထဲကမှ လျိုယွိထယ်ဆိုတဲ့ ကျောင်းသားလေးက မန်ချူးတွေကို ဆန့်ကျင်ဖို့ရှောင်လင်ကျောင်းမှာ သိုင်းပညာသွားသင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လျိုယွိထယ်အနေနဲ့ မန်ချူးတွေလက်ကနေ ရှောင်လင်ကျောင်းဆီရောက်အောင် ဘယ်လိုသွားမလဲ၊ ရှောင်လင်သိုင်းပညာဆိုတာမှာရော ဘာတွေပါဝင်လဲ၊ မန်ချူးတွေကိုရော ပြန်လည်တိုက်ထုတ်နိုင်မလား၊ ဘယ်လိုတွေတိုက်ထုတ်မလဲဆိုတာကို ဇာတ်ကားထဲမှာကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။