ဇာတ်လမ်းလေးကတော့ ပယ်မလာလို့ခေါ်တဲ့ ကောင်မလေးက သူ့ရဲ့အပျိုစင်ဘဝကို ဆုံးရှုံးခံဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ အဲဒါနဲ့ သူ့သူငယ်ချင်းတွေက သူနဲ့တွဲမယ့် ရည်းစားတွေနဲ့ချိတ်ပေး ပါတီတွေခေါ်သွားနဲ့ လုပ်ကြတာပေါ့။ ဇာတ်လမ်းက Never have I ever series နဲ့ ရည်ရွယ်ချက်ချင်းဆင်ပါတယ်။ ပယ်မလာ တစ်ယောက် သူ့ရဲ့အပျိုစင်ဘဝကို ဘယ်သူနဲ့ကုန်ဆုံးမလဲ …. သူ့ရဲ့လိုအင်ဆန္ဒကပြည့်ဝသွားမလား …. သူလိုချင်တာကို လိုက်ရှာရင်း အချစ်ကိုပါ ရှာတွေ့သွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။