Kick Me HD

Kick Me

Action Comedy Horror HD 2023-03-04 6 84 Min

ဆန်တီယေဂိုဗားစ်ကွာ့ဇ်ဟာ ကျောင်းလေးတစ်ကျောင်းမှာ စေတနာအရင်းခံပြီး စိတ်အားထက်သန်စွာ အလုပ်လုပ်ကိုင်နေတဲ့ကျောင်းသားအတိုင်ပင်ခံ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လူသာဆိုတဲ့ဉာဏ်ကောင်းပေမယ့် ဆိုးမိုက်နေတဲ့ကောင်လေးကို ကျောင်းမှာ အတန်းပညာတတ်အောင်သင်ယူဖို့ ချော့ထားပြီး ကျောင်းကိုလည်း လူသာလိမ္မာအောင် ဆုံးမပေးမည်ဖြစ်ကြောင်းအာမခံထားပါတယ်။တနေ့မှာတော့ လူသာဟာ ကန်းဆက်မြို့မှာရှိတဲ့ ကရာတေးကျောင်းကို လိုက်ကူပေးဖို့ ဆန်တီယေဂိုကို အပူကပ်ပါတော့တယ်။ ဆန်တီယေဂိုကလည်း အဲဒီနေ့မှာ သမီးလေး ဖျော်ဖြေတင်ဆက်မှုရှိတဲ့အတွက်မလိုက်ဖို့ငြင်းပေမယ့် အတင်းခေါ်နေတာနဲ့ လိုက်ကူလိုက်ပါတော့တယ်။ ကန်းဆက်လည်း ရောက်ရော လူသာဟာ ကရာတေးသင်တန်းကို လာတာမဟုတ်ဘဲ ဂိုဏ်းတစ်ခုနဲ့ ငွေကြေးကိစ္စ ညှိနေမှန်းသိလိုက်ရပြီးသူ့ကိုပါ လာအမှုပတ်ပါတော့တယ်။ဒီအချိန်မှာ သူ့ခမျာ ဒီကောင်တွေလက်ထဲက ဘယ်လိုလွတ်အောင်ပြေးမလဲ၊ လူသာကရော ဘာအရှုပ်ထုပ်တွေလုပ်ထားသလဲ၊ သူရော ဒီအရှုပ်ထုပ်ထဲကလွတ်နိုင်ပါ့မလား၊ ညနေ သူ့သမီးဖျော်ဖြေမှုကိုရောအရောက်ပြန်နိုင်မလားဆိုတဲ့ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်သွားတဲ့ တလွဲပေါင်းချုပ်ကို အူတက်အောင ခွီရင်းကြည့်ရှုရမှာဖြစ်ပါတယ်။