ဇာတ်လမ်းအမျိုးအစားက Drama/Documentary အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးရုပ်ရှင်အော်စကာဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပြီး Best Original Songနဲ့ အော်စကာရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး Documentary ထက် Drama ကိုအလေးကဲထားပြီး ဒေါက်တာမာတင်လူသာကင်းရဲ့ အထ္တုပ္ပတိအပိုင်းအစတစ်ခုအဖြစ်ကိုပိုဇောင်းပေးထားပါတယ်။ ဒေါက်တာကင်းနဲ့ သူ့ဇနီးတို့အကြား ဆက်ဆံရေး၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကြား ပဋိပက္ခတွေ ဆက်ဆံရေးအနိမ့်အမြင့်အတက်အကျတွေကိုလည်းထည့်သွင်းပုံဖော်ထားပါတယ်။ဒီရုပ်ရှင်မှာ ဒေါက်တာကင်းနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ နာမည်ကျော် အမေရိကန်နီဂရိုးခေါင်းဆောင် Malcom X နဲ့ အမေရိကန်သမ္မတ Lyndon Johnson အက်ဖ်ဘီအိုင်တည်ထောင်သူ J Edgar Hoover အလာဘားမားပြည်နယ်အုပ်ချုပ်ရေးမှူး Jim Wallace စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်များကိုလည်းတွေ့ရမှာပါ။နိုင်ငံရေး Drama ကားမျိုးနဲ့ အထ္တုပ္ပတိရုပ်ရှင်မျိုးနှစ်သက်သူတွေ အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး သမိုင်းကိုစိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ ဖြစ်ရပ်မှန်ကိုအခြေခံထားပေမဲ့ စကားချည်းထိုင်ပြောနေတာမဟုတ်လို့ ပျင်းရိစရာမကောင်းဘဲသာမန်ရုပ်ရှင်ပရိသတ်တွေလည်း ကြည့်ရှုလို့အဆင်ပြေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။