ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီ Mutafukaz လို့ခေါ်တဲ့ animation ကလဲ အဲဒီလိုပါပဲ။Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့အသွင်မတူပုံစံတစ်ယောက်တစ်မျိုးနဲ့သူငယ်ချင်းသုံးယောက် Dark Meat City လို့ခေါ်တဲ့ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့အလုပ်ကမမြဲ၊ Vinz ကကျတော့သူ့အသွင်ကြောင့်ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်းစော်ငမ်းမိတဲ့ Angelinoတစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့super power တွေရလာပါတော့တယ်။ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲကြည့်လိုက်ကြဖို့တိုက်တွန်းပါတယ်ဗျာ။ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရောထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ Rating အနေနဲ့လဲAnimationတစ်ကားအနေနဲ့ IMDB 6.7 ရထားတော့ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ မှတ်ချက် – ဇာတ်လမ်းက R-rated ဖြစ်တာကြောင့်ရယ် အရသာမပျက်ရလေအောင် မူရင်းအတိုင်းခပ်ရိုင်းရိုင်းဘာသာပြန်ထားတာရယ်ကြောင့် ကလေးများကြည့်ရန် အဆင်မပြေပါခင်ဗျာ။