Unknown: The Lost Pyramid FHD

Unknown: The Lost Pyramid

Documentary FHD 2023-07-03 7.3 83 Min

2023 ခုနှစ်အတွက် Netflix ထုတ် History Documentaryရုပ်ရှင်အသစ်စက်စက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အီဂျစ်နိုင်ငံ၊ ဆီခါရာဒေသမှာ ရှိနေတဲ့ သဲကန္တာရကတော့အီဂျစ်ရှေးဟောင်းသုတေသနညာရှင်တွေအတွက် မျက်စိကျစရာနေရာတစ်ခုပါ။အီဂျစ်နိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဟောင်းတစ်ဖြစ်လဲကမ္ဘာကျော် ဂန္တဝင် ရှေး/သု ပညာရှင်ကြီးတစ်‌ယောက်ဖြစ်တဲ့ဒေါက်တာ ဇာဟီ ဟာဝါ့စ် ကတော့ ဆီခါရာဒေသရဲ့ ကန္တာရထဲမှာသူအနှစ်နှစ် အလလမက်ခဲ့ရတဲ့အိပ်မက်ထဲက ဟူနီဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ပိရမစ်ကြီးကို ရှာဖွေတူးဖော်နေပါတယ်။တစ်ချိန်ထဲမှာပဲ သူ့တပည့်လည်းဖြစ် ပြိုင်ဘက်လို့လည်း ပြောလို့ရတဲ့ကမ္ဘာကျော် ရှေး/သု ပညာရှင် ဒေါက်တာမိုစတာဖာ ဝါဇီရီကရှေးဟောင်းသင်္ချိုင်းမြေမှာရှိနေပြီး ဖောက်ထွင်းမခံရသေးတဲ့ဂူသင်္ချိုင်းတွေကို လိုက်လံတူးဖော်နေပါတယ်။တစ်နှစ်မှာ အချိန် (၉) လပဲတူးလို့ရပြီး ရာသီဥတုကြောင့် (၃) လတိတိတူးလို့မရပဲနားထားရတဲ့သဲကန္တာရအခြေအနေမျိုးမှာ ကမ္ဘာကျော် ရှေး/သု ပညာရှင်ကြီးနှစ်ယောက်၊ ဘယ်သူကသမိုင်းတွင်မဲ့ ရှာဖွေတွေ့ရှိမှုကြီးကို အရင်ဖော်ထုတ်ပြနိုင်မလဲဆိုတာကိုကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ 2022 ခုနှစ်ကမှ အသစ်ထပ်မံ တွေ့ရှိထားတဲ့ မံမီရုပ်အလောင်းတွေနဲ့ဝါဇီရီ ကျူစာလိပ်အကြောင်းတွေပါ ပါဝင်တဲ့အပြင် ရှေးခေတ်အီဂျစ်ပြည်ရဲ့သမိုင်းကြောင်းနဲ့ယုံကြည်မှုတွေ၊ သဲကန္တာရထဲမှာ ပိရမစ်တွေနဲ့ဂူသင်္ချိုင်းတွေ ရှာဖွေတူးဖော်ကြပုံကို မှတ်တမ်းရုပ်ရှင်အ‌နေနဲ့ရိုက်ကူးထားတာဖြစ်လို့ အီဂျစ်နဲ့ ပတ်သတ်တဲ့ မှတ်တမ်းရုပ်ရှင်သဘောကျသူတွေအတွက် အတော်လေးကြည့်လို့ကောင်းစေတဲ့မှတ်တမ်းရုပ်ရုပ်ကားကောင်းတစ်ကားပါပဲဗျ။