My Teacher, My Obsession HD

My Teacher, My Obsession

Drama Thriller TV Movie HD 2018-06-12 5.1 105 Min

“ချစ်ရသော ကျွန်မရဲ့ဆရာ… ရင့်ကျက်ပြီးယောက်ျားပီသတဲ့ပုံစံမို့ စွဲလန်းခဲ့တာမှားသွားလား ? တကယ်ဆို တွေ့တာနောက်ကျခဲ့တာပဲရှိတာပါ။ လွဲချော်ခဲ့တဲ့အချိန်တွေကို ပြန်အစားထိုးနိုင်ဖို့ ကြိုးစားခဲ့ရတဲ့ ကျွန်မအတွက် ရလာတဲ့ရလာဒ်က ရူးနေပြီတဲ့လား။ ကျွန်မရူးတယ်ဆိုရင်လည်း အချစ်ရူးပဲဖြစ်မှာပါလေ…(ကိုင်လာ) “အိမ်ထောင်ရေးပြသာနာကြောင့် ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာကြတဲ့ခရစ်နဲ့ ရိုင်လီတို့သားအဖနှစ်ယောက်။ ခရစ်က ရိုင်လီတို့အင်္ဂလိပ်စာအတန်းမှာစာသင်ရတဲ့ ကျောင်းဆရာဖြစ်ပြီး အရမ်းချောတဲ့ဆရာအသစ်ဆိုပြီး ကျောင်းသူတွေကြားမှာ အာရုံစိုက်ခံရတဲ့ဆရာပေါ့။ရိုင်လီကတော့ အဖေ့ကြောင့်သာ နေရာအသစ်ကိုပြောင်းခဲ့ရပေမယ့် နေသားမကျသေးတဲ့ ကျောင်းသူသစ်တစ်ယောက်။ အနေစိမ်းစိမ်းဖြစ်နေတဲ့ ကျောင်းသူအသစ်ကို အတန်းဖော်ကိုင်လာက နွေးနွေးထွေးထွေး ကြိုဆိုကူညီပေးခဲ့ပါတယ်။ အမြဲတမ်းတစ်ယောက်တည်းပဲနေတတ်ပြီး ကင်မရာတစ်လုံးနဲ့ပဲ အချိန်ဖြုန်းနေတာကြောင့် သူငယ်ချင်းမရှိတဲ့ ကိုင်လာကရိုင်လီနဲ့အမြဲတမ်းတွဲနေခဲ့ပါတယ်။ သူလိုချင်တဲ့အရာကို ရအောင်လိုချင်တဲ့ ကိုင်လာက အင်္ဂလိပ်ဆရာလည်းဖြစ်၊ သူငယ်ချင်းရဲ့အဖေလည်းဖြစ်တဲ့ ခရစ်ကို သူဘယ်လိုမျိုးစွဲလန်းခဲ့လဲ၊ လိုချင်တာကိုရအောင် ဘယ်လိုမျိုးအရယူခဲ့လဲ စတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ပြထားတာမို့ ဆက်ကြည့်လိုက်ပါဦးနော်….။