Night of the Demons 2 မှာတော့ 1 ထဲမှာ မိစ္ဆာဝင်ပူးခံရတဲ့အန်ဂျလာရဲ့ညီမဖြစ်တဲ့ မယ်လစ်ဆာဟာ စည်းကမ်းတင်းကြပ်တဲ့ ခရစ်ယာန်ကျောင်းကို အပို့ခံလိုက်ရပါတယ်။ အန်ဂျလာရဲ့ကိစ္စကပြီးသွားခဲ့ပေမဲ့ ဟောလ်အိမ်ကြီးရဲ့ ကောလဟာလတွေက ပြီးမသွားခဲ့ပါဘူး။လူတွေရဲ့ အန်ဂျလာကို ဟောလ်အိမ်ကြီးမှာတွေ့ခဲ့တယ်ဆိုတဲ့စကားတွေက မယ်လစ်ဆာတက်နေတဲ့ စိန့်ရီတာကျောင်းအထိပြန့်သွားခဲ့ပြီး အရဲစွန့်သွားချင်တဲ့သူတွေ ရှိလာခဲ့ပါတယ်။ ဟောလိုးဝင်းညကိုရောက်တော့ ကျောင်းမှာကပွဲလုပ်တဲ့အခါမှာ မယ်လစ်ဆာရဲ့သူငယ်ချင်းတစ်သိုက်က ဆရာတွေလစ်တဲ့အချိန်မှာကျောင်းရဲ့ အဆောင်ကနေ ခိုးထွက်ပြီး ပါတီတစ်ခုကိုသွားတက်ကြပါတယ်။ ပါတီလုပ်မယ့်နေရာက ဟောလ်အိမ်ဖြစ်နေတာကိုသူတို့တွေအားလုံး သိလိုက်တဲ့အခါမှာတော့…