လူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထားခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျိုကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ သူနဲ့စေ့စပ်ခဲ့ဖူးတဲ့သူရဲ့မင်္ဂလာပွဲကအပြန်မှာ လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ဆုံတယ်။ သူ့ဖခင်နဲ့ သူ့သူငယ်ချင်းရဲ့ တိုက်တွန်းမှုတွေကြောင့်ပဲ လိုင်လာနဲ့လက်ထပ်ဖြစ်သွားပြီး ပျားရည်ဆမ်းခရီးကိုတော့ ဘာဘိုကမ်းခြေကို သွားကြတယ်။သူနဲ့ သင့်တော်တဲ့ right person နဲ့ပဲ လက်ထပ်ဖို့ စိတ်ကူးထားတဲ့ အက်ဒီတစ်ယောက်သူ့ဇနီးလေးရဲ့အကြောင်းကို ပျားရည်ဆမ်းခရီးထွက်တဲ့အချိန်မှ သိရပါတော့တယ်။ အဲဒီအချိန်ကျမှ မရန်ဒါဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီး အက်ဒီတစ်ယောက် တကယ်ချစ်မိသွားပါတယ်။ အဲဒီတော့ အက်ဒီ ဘယ်လိုဆက်လုပ်မလဲပေါ့၊ လိုင်လာနဲ့ လက်ထပ်ပြီးကာစအချိန်ပဲရှိသေး အဆင်မပြေတာတွေ ကြုံရတဲ့အချိန်လည်းဖြစ်၊ မရန်ဒါကိုလည်း ချစ်မိဆိုတော့… ကဲ သူ့အဖြစ် အကြောင်းစုံကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။“Meet the Fockers”၊ “Meet the prents” တို့လို ဟာသဇာတ်လမ်းတွေရဲ့ အဓိသသရုပ်ဆောင် ဟာသမင်းသားကြီး Ben stiller က အက်ဒီအဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။Ben stillerကို မြင်ရင်ကို ရယ်ရတော့မှာသိနေသလိုမျိုး ဟာသဇာတ်လမ်းလေးမို့ တင်ဆက်ပေးလိုက်ပါပြီ။