Pendulum HD

Pendulum

Fantasy Thriller HD 2023-06-16 8.3 106 Min

တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါအမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်…အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး…သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့…ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ်အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီးတစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့်အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ …..ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက်မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါနောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ သူ့အတိတ်စာမျက်နှာကို ပြန်လည် တူးဆွဖို့ ကြိုးပမ်းပါတော့တယ်သူကရော သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီး အနာဂတ်ကို ပြန်လည်ပြုပြင်နိုင်မလားဆိုတာကို၁ နာရီ ၄၅ မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ပရိသတ်ကို မျက်တောင်တစ်ချက် မခတ်ရအောင်တင်ဆက်ထားတာမို့ ထူးဆန်းထွေလာ ဇာတ်လမ်းမျိုး နှစ်ခြိုက်ကြသူတွေ သဘောတွေ့မယ့် လက်ရာတစ်ခု ဖြစ်ကြောင်း ပြောရင်း…