ကမ္ဘာကြီးဟာ လျို့ဝှက်ဆန်းကြယ်ပါတယ်ဟိုးခေတ်အစက ဘယ်အချိန်ဘယ်နေရာတွေမှာဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူးဒီ Documentary film မှာဆိုရင်တော့ရုပ်ကြွင်းမနုဿဗေဒပညာရှင် Lee Bergerကတောင်အာဖရိကမှာရှိတဲ့ Rising Star လိုဏ်ဂူကကမ္ဘာ့ရှေးအကျဆုံးသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့အဲဒီသင်္ချိုင်းတွေ ကို ဖန်တီးခဲ့တဲ့ဟိုမိုနလယ်ဒီလို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးရဲ့ဇစ်မြစ်ကို ဖော်ထုတ်ခဲ့တဲ့ ခရီးစဉ်ပါဝင်ပါတယ် ဟိုမိုနလယ်ဒီတွေရဲ့ နေထိုင်မှုဘဝ ၊ အသွင်အပြင်နဲ့အမူအကျင့်တွေကိုအသေးစိတ်ကျကျဖော်ထုတ်ပြထားပြီးတော့ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့လူသားတွေဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကိုအနည်းငယ်တီးမိခေါက်မိဖြစ်သွားစေမှာပါစိတ်ဝင်စားစရာလည်းကောင်းပြီး ဗဟုသုတတွေ အများကြီးရမဲ့Documentary filmကို CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်