ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရောကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ပြောရင် မှားမဖြစ်ပါဘူး။ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်ကစုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်းမေးခွန်းထုတ်မိတတ်တဲ့၊ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်းအဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့“သူက Right Person လား”ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲဆိုတာသိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ်သူတို့နဲ့ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားကအချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုအံဝင်ခွင်ကျထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ပါတယ်။ပို စိတ်ဝင်စားစရာကောင်းတာက အဲ့လိုဖောက်ပြန်တဲ့လူတွေအကြောင်းနဲ့ ဆက်စပ်ပြီး တော်တော်ကောင်းတဲ့၈၀/၂၀ အချိုး ဆိုတာလေး ပြောပြထားတယ်။အဲ့ဒီ အချိုးအကြောင်း သေချာပေါက်ရှာကြည့်လိုက်ပါ။ဖောက်ပြန်တဲ့လူတွေဘာဖြစ်သွားလဲလည်း ပါတယ်။ဖောက်ပြန်ခံရတဲ့လူတွေ ဘယ်လိုကျော်ဖြတ်ကြလဲ ဆိုတာလည်းသင်ယူစရာတွေ ပါတယ်။ကိုယ့်ကို တန်ဖိုးမထားတဲ့လူနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ထားတာကဘယ်လောက်ဆိုးလဲ ဆိုတာလည်း ပါတယ်။အဲ့လိုကနေ ရုန်းထွက်နိုင်ရင် ဘာတွေရလာနိုင်လဲ ဆိုတာလည်း ပါတယ်။ပြီးတော့ တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေနဲ့ သူတို့သဘောသဘာဝတွေလည်းပါတာပဲ။ဘယ်လိုဆိုးကျိုးတွေ ရှိလဲ၊ ဘာတွေတော့ ကောင်းလဲ ဆိုတာလည်း သိရမယ်။ဘာမှ မပြောဘဲ စိတ်ထဲ ထားတတ်တဲ့ စုံတွဲတွေဆိုရင်ရော။သူတို့ ဘာတွေကြုံရတတ်လဲလည်းထည့်ပြောထားသေးတာပါပဲ။ဆိုးဝါးတဲ့ နာကျင်စရာတွေကို တစ်ယောက်ကို တစ်ယောက်ညှာပြီး မပြောမိရာကကနေ ဘာတွေ ဖြစ်လာတတ်သလဲဘယ်လို ဖြေရှင်းလို့ရသလဲတွေထည့်ရိုက်ထားတာပါ။ပြီးတော့ အလုပ်ပဲ ကြည့်တတ်တဲ့ သားသမီးရတနာယူရေး/မယူရေးတွေနဲ့ မပြေလည်မှုတွေရှိလာတဲ့ စုံတွဲအကြောင်းလည်း ပါတယ်။သူတို့တွေ နောက်ထပ်ထပ်တွဲဖြစ်သွားကြတဲ့လူတွေအကြောင်းလည်း ပါပါသေးတယ်။ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ လက်တွဲဖော်တွေကိုရသွားကြတာလား၊ ထားခဲ့ကြရတာလားဆိုတာလည်း သိရမှာပါ။ Rating တွေသိချင်ရင်တော့Rotten TomatoRating က 48 ဆိုပေမယ့်ပရိတ်သတ်ကတော့ 78မှတ်တောင် ပေးထားတဲ့ဇာတ်ကားပါ။ IMDb က 5.9ပါတဲ့။သရုပ်ဆောင်တွေကတော့ Janet Jackson က စလို့Tyler Perry ထိ ပါ ပါတယ်။အရမ်းမရင်းနှီးတဲ့ သရုပ်ဆောင်တွေက ပိုများနေတောင် ကြည့်ကြည့်လိုက်ရင်သဘာဝကျလွန်းနေတာ တွေ့ရမှာပါ။ မသိတဲ့ သရုပ်ဆောင် ပိုများတော့ ဇာတ်ကားဆိုတာမေ့သလိုလိုပိုဖြစ်တာလည်း ပါဦးမှာပါ။ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ စာရေးဆရာကဒီဇာတ်ကားထဲကတယ်ရီဆိုတဲ့ ဘဲကြီးပါပဲတဲ့။ကြည့်လိုက်ရင်တော့ လူတိုင်း တနည်းမဟုတ်တနည်းတွေ့ရရတတ်တဲ့လူတွေကြားကဆက်ဆံရေးတွေအကြောင်းအများကြီး သိရ၊ ချိန်ညှိကြည့်လို့ရ၊ အဖြေထုတ်လို့ရဖြစ်သွားမှာပါ။It’s worth it ပါ။