Chicken Run: Dawn of the Nugget FHD

Chicken Run: Dawn of the Nugget

Comedy Family Adventure Animation FHD 2023-12-08 7.7 97 Min

ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့Chicken Run: Dawn of the Nugget လာပါပြီ။နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီးရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာShazam မင်းသား ZacharyLevi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့Game of thrones ထဲက အချစ်တော်လေးBella Ramsey က ပါဝင်ထားပါတယ်။  ဇာတ်လမ်းအကျဉ်းကြက်ခြံကနေ ထွက်ပြေးလာကြတဲ့ဂျင်ဂျာတို့တစ်သိုက်ဟာလူမရှိတဲ့ကျွန်းတစ်ခုပေါ်မှာ လွတ်လွတ်လပ်လပ် အခြေချနေကြတာ ကြာပါပြီ။ဂျင်ဂျာနဲ့ ရော်ကီမှာလည်း မော်လီဆိုတဲ့ သမီးလေး ရလာပါပြီ။သူတို့ဟာ လူတွေနဲ့ဝေးရမှာနေဖို့ကြိုးစားပြီး သူတို့သမီးမော်လီကိုလည်း ကြက်ခြံတွေအကြောင်း မပြောထားမိပါဘူး။အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကိုစူးစမ်းရင်းနဲ့ ရန်သူဟောင်း ကြက်ခြံပိုင်ရှင်ကြီး တွီဒီရဲ့ ခြံထဲမှာပိတ်မိသွားပါတော့တယ်။ ဒီတော့ မော်လီတို့တသိုက်ဟာ ခြံထဲကထွက်ပြေးဖို့မဟုတ်ဘဲခြံထဲကိုဖောက်ဝင်ပြီး မော်လီ့ကို ကယ်ဖို့ စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။  ပထမ ကားကို မကြည့်ရသေးတဲ့သူများ Chicken Run (2000) ဆိုတာလေးကိုနှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်