ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျအပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကိုရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂတွေ ကူရှင်းပေးတယ်။အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေးClément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာကElliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့တာပါပဲ။ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသားAlex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့sexuality ကို သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦးဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။