အခုလတ်တလောမှ ထွက်ရှိလာတဲ့ Horror / Sci-Fi ကားသစ်လေးပါပဲ။ ကားနာမည်အတိုင်းပဲ သရဲပရောဂျက်ပါ။ပရိုဂရမ်မာသုံးယောက်က စွန့်ပစ်အဆောက်အဦးထဲမှာ စမ်းသပ်မှုလုပ်ရင်း ဆိုနာသံလိုက်လှိုင်းနဲ့ သရဲရှာတဲ့စက်အဟောင်းတစ်လုံး ကောက်ရခဲ့ပါတယ်။ အဲဒါနဲ့ သူဌေးဖြစ်ကိန်းဆိုက်ပြီဆိုပြီးဖုန်းအက်ပ်တစ်ခုလုပ်ပြီး ဆဲလ်ဖုန်းနဲ့သရဲမြင်နိုင်မလား စမ်းသပ်ကြပါတယ်။စမ်းသပ်မှုလုပ်ဖို့ စွန့်ပစ်အဆောက်အဦးတစ်ခုရွေးလိုက်တဲ့အခါ အဲဒီအဆောက်အဦးကလည်းဇမသေးလှတဲ့ရာဇ၀င်ရှိနေတဲ့အခါမှာတော့ သူငယ်ချင်းသုံးယောက် သူဌေးကိန်းပဲဆိုက်မလား… သေကိန်းပဲဆိုက်မလား… ကြည့်ရှုရမှာပါ။ Jump Scare တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။