The Queen of Black Magic FHD

The Queen of Black Magic

Horror Thriller FHD 2019-11-07 6.7 99 Min

ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid,Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကိုရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton and Jefri တို့ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံမိကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်Nanifတို့တွေ မိဘမဲ့ဂေဟာကိုရောက်ကြတဲ့နေ့မှာပဲ မိဘမဲ့ဂေဟာမှာရှိနေကြတဲ့ကလေးများရဲ့ အပန်းဖြေခရီးမှ ပြန်ရောက်ရမယ့်နေ့ ဖြစ်နေပါတယ်။ ညရောက်တဲ့အခါမှာရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်ပြောကြရင်း ငယ်ငယ်ကပျောက်ဆုံးသွားတဲ့ကလေးမလေး Murni အကြောင်းကို စကားဆက်မိသွားပါတယ်။ ထူးဆန်းစွာနဲ့မိဘမဲ့ဂေဟာမှာ နှစ်ပေါင်းများစွာ ပိတ်ထားတာ ကြာပြီဖြစ်တဲ့ အခန်းတစ်ခန်းလည်းရှိနေပါတယ်။ ဒီလိုနဲ့ညစာစားချိန်ရောက်တဲ့အချိန်မှာတော့ Nanif မိဘမဲ့ဂေဟာကိုမိမိတို့လာစဉ်ကတိုက်မိခဲ့တဲ့အရာကို သူငယ်ချင်းဖြစ်သူJefriကိုခေါ်ပြီးသွားရောက်ကြည့်ရှုကြရာ မိဘမဲ့ကျောင်းကကလေးမလေးတစ်ယောက် ဖြစ်နေတာကို တွေ့ရှိလိုက်ရပါတယ် ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာမိဘမဲ့ဂေဟာကအပန်းဖြေခရီးထွက်သွားတဲ့ကားကိုတွေ့လိုက်ရပါတယ် ထူးဆန်းတာတစ်ခုက ကားပေါ်မှာပါတဲ့ ကလေးအားလုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ်ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် ဒီထူးဆန်းတဲ့အဖြစ်အပျက်တွေကိုဘယ်လိုအဖြေရှာကြမလဲမိဘမဲ့ဂေဟာမှာ ငယ်ငယ်လေးကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ ကလေးမလေး Murniကရောဘာကြောင့်ပျောက်သွားတာလဲ တကယ်ပဲ ပျောက်သွားတာလားမိဘမဲ့ဂေဟာကနှစ်ပေါင်းများစွာကြာအောင် ပိတ်ထားတဲ့ အခန်းထဲမှာကော ဘယ်လိုပဟေဋိတွေရှိနေမှာလဲအပန်းဖြေသွားတဲ့ကားပေါ်က ကလေးတွေအားလုံးကရော ဘာလို့ အသတ်ခံထားရတာလဲဆိုတဲ့သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ပါဝင်စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာ Joko Anwarရဲ့လှည့်ကွက်မြှပ်ကွက်တွေကြောင့်ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာကနေမထနိုင်အောင်စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Horror ,Mystery&Thrilleကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်