Scooby-Doo! Return to Zombie Island FHD

Scooby-Doo! Return to Zombie Island

ခွေးလေးစကူဘီဒူးရဲ့စွန့်စားခန်းတွေ ပြန်ရောက်လာပါပြီအရင်ဇာတ်လမ်းတွေကို ပြန်နွေးရမယ်ဆိုရင်သူတို့ရဲ့ ဆန်းကြယ်ကိစ္စလေးတွေကို လိုက်ဖြေရှင်းနေရာမှာထိခိုက်အန္တရာယ်ရမှာကို စိုးရိမ်တဲ့အတွက် ရဲမှူးကြီးကနောက်ထပ်မလုပ်တော့ဖို့ ဘယ် ဆန်းကြယ်ကိစ္စကိုမှမပါဝင် မပတ်သက်တော့ဖို့ ကတိတောင်းသွားခဲ့ပါတယ်ဖရက်ဒီ၊ ဒက်ဖနီနဲ့ ဗယ်လ်မာတို့ကတော့ အလွန်စိတ်ဆင်းရဲပေမယ့်အတိုင်းထက်အလွန်ပျော်နေတာကတော့ ရှက်ဂီနဲ့စကူဘီဒူးပါပဲ..သူတို့ကအရမ်းကြောက်တတ်တာကိုး အဲဒီလိုနဲ့တစ်ရက်မှာတော့ရှက်ဂီက စရိတ်ငြိမ်းအပန်းဖြေခရီးထွက်ခွင့်ကို သူကြည့်နေကြတီဗီရှိုးကနေမဲပေါက်သွားပါတော့တယ်နောက်နောင်ဘယ်ဆန်းကြယ်ကိစ္စကိုမှ ၀င်မပါတော့ပါဘူးလို့သူ့သူငယ်ချင်းသုံးယောက်ကို ကတိတောင်းပြီးနောက်မှာပေါ့လေရှက်ဂီနဲ့စကူဘီကအရမ်းတွေတက်ကြွပြီး ချီတက်သွားပေမယ့်ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို သူတို့ကျွန်းပေါ်ခြေချလိုက်တာနဲ့ ကျွန်းသူကျွန်းသား စုံတွဲကထွက်သွားခိုင်းပါတော့တယ်သူတို့အဆိုအရ ကျွန်းပေါ်မှာ ဇွန်ဘီတွေအပြည့်ပါတဲ့နောက်နေတယ်ပဲထင်ကြတဲ့တစ်ဖွဲ့လုံးဟာ ဘာကိုမှဂရုမစိုက်ဘဲဟိုတယ်ဆီချီတက်သွားပါတော့တယ်ဟိုတယ်ဆီရောက်တဲ့အခါသူတို့အရင်ကရောက်ဖူးတဲ့ မွန်းစကားကျွန်းက အိမ်ကြီးနဲ့တစ်ပုံစံတည်းတူနေတာကို တွေ့ရပေမယ့် ဆန်းကြယ်ကိစ္စဆိုဘာဆိုဘာမှ မတွေ့ဘူးလို့ ဘူးခံငြင်းချင်သူသုံးယောက်သားကတော့အတင်းကြီးကို ဒါကသာမန်ကိစ္စတွေပဲလို့သာ ငြင်းနေပါတော့တယ်သူတို့ထင်တဲ့အတိုင်း ဆန်းကြယ်မှုတွေဘာမှမရှိဘူးလားဟိုတယ်မှာသူတို့ကိုဘာတွေစောင့်ကြိုနေမှာလဲဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကို ဒီကာတွန်းကားလေးမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်စကူဘီဒူးကားတွေထုံးစံအတိုင်း လျို့ဝှက်သည်းဖိုဆန်ဆန်ကိုတွေးစရာလေး ရယ်စရာလေးတွေ နှောပြီး ကြည့်ရှုကြရမှာပါ