Single in Seoul HD

Single in Seoul

Comedy Romance HD 2023-11-29 6 103 Min

Lee Dong Wook  နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ….သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်…Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့  ဆယ်လီတစ်ယောက်ဆိုပါတော့..အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့်သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်…Im Soo Jung ကတော့သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့…..ဘဝမှာ အိမ်သာတက်တောင် ဖုန်းလေးနဲ့ ချစ်သူဆက်စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့…သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်းဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကိုကျွန်မဘဲပါလို့ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး…သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့ဆယ်လီတစ်ချို့နဲ့  စာရေးဆရာတွေရဲ့ အကြောင်းကိုစာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့…ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့…