Ink HD

Ink

Action Fantasy HD 2009-01-23 6.317 106 Min

နေ့အချိန်လွန်ပြီး ညအိပ်ချိန်ရောက်တဲ့အခါမှာ အဖွဲ့နှစ်ဖွဲ့ပေါ်ထွက်လာပါတယ် သူတို့တွေကို မမြင်ရပေမဲ့ သူတို့ဟာ ကျွန်ုပ်တို့အိပ်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ဝိဥာဥ်တွေကို အိပ်မက်တွေထဲမှာတိုက်ပွဲဝင်ခိုင်းနိုင်တဲ့စွမ်းအင်တွေရှိကြပါတယ် တစ်ဖွဲ့က ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်တွေ ခွန်အားတွေနဲ့ပက်သက်ပြီး အိပ်မက်ကောင်းတွေမက်စေတဲ့ အဖွဲ့ပါ သူတို့တွေကိုတော့ ပုံပြင်ပြောသူလို့ခေါ်ပါတယ်နောက်တစ်ဖွဲ့ကတော့ ကျွန်ုပ်တို့ရဲ့စိတ်ဖိစီးမှုတွေ အကြောက်တရားတွေကို အိပ်မက်ဆိုးအဖြစ်မက်အောင်လုပ်တဲ့သူတွေပါ သူတို့က ထမင်းလုံးတစ္ဆေဆိုသလိုမျိုးမိစ္ဆာတွေပါတနေ့မှာအမ်မာဆိုတဲ့ကောင်မလေးရဲ့ဝိဥာဥ်ကို အင့်ခ်လို့ခေါ်တဲ့သူက ခိုးယူသွားပြီး ထမင်းလုံးတစ္ဆေအဖွဲ့ထဲဝင်ခွင့်ရဖို့အတွက် အပေးအယူအနေနဲ့လဲလှယ်ဖို့လုပ်ပါတယ် အမ်မာရဲ့ဖခင်ဖြစ်သူ ဂျွန်ဆီကိုလည်းထမင်းလုံးတစ္ဆေတစ်ကောင်က နောက်ကနေအရိပ်လိုလိုက်နေပါတယ် ဒီအခါမှာ ပုံပြင်ပြောသူတွေလို့ခေါ်တဲ့ အိပ်မက်ကောင်းမက်အောက်လုပ်ပေးရတဲ့သူတွေအဖွဲ့က ဖမ်းခေါ်သွားခံရတဲ့ကလေးမလေးအမ်မာကို ပြန်ရအောင်လိုက်ကယ်ရပါတော့တယ်