Kingmaker FHD

Kingmaker

Drama History FHD 2022-01-26 7.1 123 Min

တောင်ကိုရီးယားရဲ့ အာဏာရှင်စနစ်အဆုံးသတ်ချိန် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးကားတစ်ကားကို တင်ဆက်ပေးပါရစေတောင်မြောက်နှစ်နိုင်ငံ ကွဲသွားပြီးတဲ့နောက် ကိုရီးယားရဲ့ပထမဆုံးသမ္မတ Syngman Rhee ကိုရွေးကောက်ခဲ့ပါတယ်(သူ့လက်ထက်မှာပဲ တောင်မြောက်စစ်ဖြစ်ပွားခဲ့တာပါ)အဲနောက်မှာ သမ္မတရဲ့ လုံခြုံရေးဥပဒေပြင်ဆင်မှုကို လူတွေဒေါသထွက်ခဲ့ပေမဲ့ မဲမသမာမှုလုပ်ပြီး အနိုင်ရသွားပါတယ်အဲဒါကိုမကျေနပ်တဲ့ ကျောင်းသားထုဟာ “ဧပြီတော်လှန်ရေး” ဆိုပြီး စတင်ခဲ့ပါတယ်ဧပြီတော်လှန်ရေးပြီးတဲ့နောက်မှာတော့ သမ္မတ Syngman Rhee ဟာနှုတ်ထွက်လိုက်ရပြီးအထွေထွေရွေးကောက်ပွဲကနေ ဒီမိုကရက်တစ်ပါတီဟာ အစိုးရဝန်ကြီးအဖြစ်ဆောင်ရွက်ပါတယ်ဒါပေမဲ့ ပါတီအတွင်း ပဋိပက္ခတွေဖြစ်ပြီးတော့နောက်ဆုံး ၁၉၆၁ မေလ ၁၆ ရက်နေ့မှာ စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပါတယ်အဲလိုနဲ့ ၁၉၆၂ ထိစစ်အုပ်ချုပ်ရေးနဲ့နေလာရင်း၁၉၆၃ ခုနှစ်မှာတော့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာတယ်လိုဆိုရမှာပါ၁၉၆၃-၁၉၇၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့သမ္မတဟာအာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘတ်ဂျောင်ဟီ(တတိယမြောက်သမ္မတ)ပါပဲအခုထိမိတ်ဆက်ပေးတာက သမိုင်းကြောင်းပါပဲအခုမှတကယ့် အညွှန်းရောက်လာပါပြီနော်၁၉၇၁ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေးသမားတွေအကြောင်းဇာတ်အိမ်တည်ထားပါတယ်စစ်တပ်ဘက်ကကူးလာပြီး ဆက်တိုက်အုပ်ချုပ်ချင်တဲ့သမ္မတဘတ်ရဲ့ အာဏာရပါတီနဲ့ဒီမိုကရေစီအမည်တပ်ပေမဲ့ အာဏာရှင်စနစ်လုံးဝမပျက်သုဉ်းသေးတဲ့ အခြေအနေမှာဒီမိုကရေစီလိုလားတဲ့ အတိုက်အခံပါတီကြားက ပြိုင်ဆိုင်မှုတွေကို ပြသသွားမှာပါအဓိကဇာတ်ကောင်ဖြစ်တဲ့ ဆောချန်းဒယ်ကတော့ ဉာဏ်ကောင်းပြီးဗျူဟာအကုန်ထွက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဆောချန်းဒယ်ဟာ သူလေးစားတဲ့ အမတ်ဂင်အွန်းဘုန်းကို သမ္မတအဖြစ်တင်မြှောက်နိုင်ဖို့အတွက်နည်းပေါင်းစုံ ပရိယာယ်တွေကို သုံးပြီး အကြံပေးအဖြစ်နဲ့ နောက်ကွယ်ကနေ နေလာခဲ့ပါတယ်နောက်ဆုံးတော့ အကြံပေးဆောချန်းဒယ်ဟာ အမတ်ဂင်အွန်းဘုန်းကိုသမ္မတဖြစ်အောင်တင်မြှောက်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ရှုခံစားပေးပါဦးနော်