Killing Romance HD

Killing Romance

Comedy Thriller HD 2023-04-14 6.2 107 Min

Musical Film အမျိုးအစားကို သဘောကျနှစ်ခြိုက်ကြတဲ့သူတွေအတွက် Killing Romance ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီဒီဇာတ်ကားထဲမှာသုံးထားတဲ့ Concept ကိုကြည့်လိုက်ရင် ရုပ်ပြဆန်ဆန် ပုံပြင်တစ်ပုဒ်ကိုကြည့်နေရသလို ခံစားချက်မျိုးဖြစ်နေမှာပါဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်မင်းသမီးဘဝကနေ အနားယူလိုက်တဲ့ ဟွမ်ယောရယ်ဟာတောင်ပစိဖိတ်မှာရှိတဲ့ Qualla ကျွန်းပေါ်ကို ရောက်ရှိသွားရာကနေ ဇာတ်လမ်းစပါတယ်။အရင်က ကိုယ့်စိတ်ကိုယ့်ခန္ဓာကို ကိုယ်ပိုင်ခဲ့တဲ့ ဟွမ်ယောရယ်တစ်ယောက်Qualla ကျွန်းပေါ်က ဘီလူးခေါင်းနဲ့သူဌေးကို မင်းသားလေးလို့မှတ်ထင်ပြီး အိမ်ထောင်ပြုလိုက်မိတဲ့အခါမှာတော့ရဲတိုက်လိုစံအိမ်ကြီးထဲမှာ အကျဉ်းကျနေရသလို ဖြစ်ခဲ့ရပါတော့တယ်ဒါပေမဲ့ သူတို့အိမ်ရဲ့ဘေးကပ်ရပ်မှာနေတဲ့ စာမေးပွဲ ၃ ခါကျ ကောင်လေးနဲ့ အမှတ်မထင် သိကျွမ်းသွားခဲ့တဲ့အခါမှာတော့အကျဉ်းကျနေသလို ဘဝကြီးကနေ လွတ်မြောက်အောင် ယောရယ်တစ်ယောက် အဲဒီကောင်လေးနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲ‌ဆိုတာ ကြည့်ရှုခံစားကြရမှာပါCasts တွေအနေနဲ့ အားလုံးသိကြပြီးသား မင်းသမီးကြီး Lee Honey, မင်းသား Lee Sun Kyun နဲ့ Gong Myung တို့က အဓိကပါဝင်ထားကြပါတယ်