Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ကစားသမားတွေအတွက်တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက်ထိခိုက်ဒဏ်ရာရတယ်လို့ စာရင်းတွေမှာဖော်ပြကြပါတယ်။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှုတွေ၊ကစားသမားဘဝတလျှောက်ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီးအမျိုးသမီးဒါရိုက်တာဖြစ်တဲ့ LucyWalker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေလည်းတသီကြီးရရှိထားပါတယ်။ကစားသမားတွေရဲ့ဒဏ်ရာအတွက်ရုန်းကန်ကြရအသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။မိသားစုတွေရဲ့ထောက်ပံ့မှုတွေချစ်ခြင်းမေတ္တာတွေကိုလည်းရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ်ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်းမတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။