Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေးဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che,Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်းတွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေအန္တရာယ်များပြီးကြောက်မက်ဖွယ်ကောင်းတာတွေက ပိုပြီးထင်ရှားလာခဲ့ပါတယ်။ပါဘလိုအက်စကိုးဘားနဲ့ပတ်သက်နေသရွေ့ သူတို့အဖို့မလုံခြုံနိုင်မှန်း သဘောပေါက်သွားချိန်မှာ နစ်ခ်ဟာမာရီယာနဲ့အတူကိုလံဘီယာက ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။သူတို့ မပြေးနိုင်ခင်မှာပဲ အက်စကိုးဘားကသူ့လူယုံတွေကို အရေးပေါ်အစည်းအဝေးတစ်ခုခေါ်လိုက်ပါတယ်။ နစ်ခ်ကိုလည်း သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကိုသိမ်းဆည်းဖျောက်ဖျက်တဲ့အစီအစဉ်မှာပါဝင်ခိုင်းခဲ့ပြန်ပါတယ်။ ပစ္စည်းတွေဖျောက်ဖျက်ရုံတင်မဟုတ်ဘဲ လမ်းပြသူကိုပါ တစ်ခါတည်းနှုတ်ပိတ်ရမယ့်တာဝန်ရှိလာခဲ့ချိန်မှာသာမန်လူတန်းစားဘဝက လာခဲ့သူ နစ်ခ်ဟာ သူ့တာဝန်ကိုပြီးဆုံးအောင် မလုပ်နိုင်ဘဲ လမ်းပြကို လွှတ်ပေးမိခဲ့ ပါတယ်။အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘဲပါဘလိုအက်စကိုးဘားကိုဆက်သွယ်ခဲ့ချိန်မှာတော့ နှုတ်ပိတ်ခံရမယ့်စာရင်းမှာသူလည်းအပါအဝင်ဖြစ်နေတယ်ဆိုတာ နစ်ခ်ဟာ ရိပ်စားခဲ့ပါတယ်.။အက်စကိုးဘားရဲ့သွေးအေးတဲ့လှည့်ကွက်တွေကြားထဲမှာနစ်ခ်က ရုန်းထွက်ဖို့ ကြိုးစားလေညှို့ချက်မိသလို ဝဲလည်ရင်းနဲ့ သူ စီစဉ်ထားတဲ့ ထွက်ပြေးမယ့်အစီအစဉ် အထမြောက်မှာလား.အက်စကိုးဘားရဲ့ လက်တံရှည်တွေကြားထဲမှာပြန်မိမှာလား ဆိုတာကို ဇာတ်လမ်းအဆုံးထိသည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။