Lifeforce HD

Lifeforce

Horror Thriller Science Fiction HD 1985-06-21 6.253 102 Min

ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြယ်တံခွန်နားကိုရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့လင်းနို့သဏ္ဍာန်ရှိတခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါတခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ဒီလိုနဲ့ လန်ဒန်ကိုပြန်ခေါ်ဆောင်လာချိန် ရုပ်အလောင်း ၃ ခုထဲမှာအမျိုးသမီးခန္ဓာကိုယ် ပျောက်ဆုံးသွားပြီး လူတွေလည်း ထူးဆန်းစွာသေဆုံးကြတော့ SAS မှ ကာနယ်ကိန်းတစ်ယောက် စုံစမ်းဖို့ဖြစ်လာပြီးအသက်ရှင်ကျန်ရစ်သူ ကာနယ်ကာဆန်နဲ့ ထောက်လှမ်းရာမှသာမန်လူသတ်မှုတွေမဟုတ်ပဲ ထူးဆန်းတာတွေပါဝင်လာပြီး ကြီးကျယ်နေတာကို သိလိုက်ရသောအခါ….။အမျိုးသမီး အပေါ်ပိုင်းနှင့်မိတ်ဖက်ခြင်းကိုဇာတ်လမ်းလိုအပ်ချက်အရ မိမွေးတိုင်း ဖမွေးတိုင်းပါဝင်နေခြင်းကြောင့် မကြည့်ရှုခင် သတိချပ်စေလိုပါတယ်ဗျ။