2008ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ရော့ခ်အဖွဲ့ Lord Huronရဲ့ တေးအယ်လ်ဘမ်နာမည်။Billboard 200မှာ နံပါတ်ကိုးနေရာချိတ်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။Vide Noirဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပေးတဲ့အရာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်စေတဲ့အရာ၊အချိန် အာကာသနဲ့ သေခြင်းတရားဆိုတဲ့ အတားအဆီးတွေကိုဖယ်ရှားပေးတဲ့အရာ၊လျှို့ဝှက်ထားတဲ့အမှန်တရားကို သင်ကြားပေးတဲ့အရာ…တဲ့။ဘာလဲဆိုတော့ မူးယစ်ဆေးတစ်မျိုးပေါ့။Lord Huronရဲ့ အယ်လ်ဘမ်ထဲက တေးသွားတွေအတိုင်း အခန်းခွဲပြီးတင်ပြသွားတာမှာသီချင်းတွေမှာနားမလည်လိုက်ရတဲ့ ခံစားမှုအဓိပ္ပါယ်တစ်ချို့ကို ဒီရုပ်ရှင်ထဲမှာ ပြန်လည်ရှာဖွေကြည့်လို့ရပါတယ်။တောရိုင်းပန်းကလေးတစ်ပွင့်…။ဟိုးအဝေးကြီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ငွားငွားစွင့်စွင့်ပွင့်နေတာ။သတ္တိကောင်းလှပါတဲ့ ယောက်ျားတွေ ဘယ်လောက်ပဲရှာရှာ ပိုင်ဆိုင်ခွင့်မရဘဲ သူတို့ကြုံတွေ့ရမှာကသေခြင်းတရားနဲ့ စိတ်ပျက်အားလျော့မှုတွေ။ဒီပန်းပွင့်ကလေးကို ဘယ်သူမှပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ပိုင်ဆိုင်ခွင့်ရခဲ့လို့ မင်းရဲ့ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးခဲ့ရင်တောင်အရှက်တရားကြောက် ညှိုးခြောက်ပြီးသေဆုံးသွားမှာတဲ့..။အဲဒီပန်းကလေးကတော့ လီလို့ခေါ်တဲ့ မိန်းမပျိုလေးပေါ့။ချစ်ရတဲ့ အရိုင်းပန်းကလေး လီကို လိုက်ရှာရတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဇာတ်လမ်း။လီ့အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားက အရာရာကိုအောင်နိုင်မှာလားဆိုတာ တေးသွားတွေကိုခံစားရင်းကြည့်ရှုကြပါဦး။