IP Man trilogy ရဲ့ နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်IMDb 7.1 ရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် သာမန်သိုင်းကား အတိုက်အခိုက်တဲ့ရသတွေပေးတဲ့ကားမဟုတ်တာတော့သေချာတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီးမိုက်တိုက်ဆန်ကလဲသူ့အခန်းမှာ ကျကျနနပီပီပြင်ပြင်သရုပ်ဆောင်သွားတာကလဲဒီကားရဲ့အမှတ်ရစရာ အချက်တခုပါ ဒီကားရဲ့အစမှာလဲအရင်ကားရဲ့အဆုံးဖြစ်တဲ့ဂျီကွမ်တိုကိုတီထွင်ခဲ့တဲ့ကမ္ဘာ့သိုင်းပညာဂုရုကြီးဘရုစ္စလီနဲ့ပြန်စထားပါတယ်ဒုစရိုက်မှုတွေနဲ့ ခြေရှုပ်နေတဲ့ဟောင်ကောင်မြို့ရဲ့တခေတ်တချိန်မှာ-တာဝန်ယူမှုတွေနဲ့မိသားစုကိုဂရုမစိုက်သလိုဖြစ်သွားခဲ့တဲ့ ယိမန်ရဲ့အကြောင်း…အရည်အချင်းရှိသူပြည့်ဝသူတယောက်ဟာတခြားလူကိုတိုက်ခိုက်ပြီးမှနေရာမယူတတ်ဘူးဆိုတာကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ မင်းသားဒန်နီယမ်း…သူနောက်ဆုံးပြောသွားခဲ့တဲ့ မင်းနားမှာရှိတဲ့မင်းချစ်တဲ့လူတွေလောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုတဲ့စကားဟာ လဲမှတ်သားစရာပါသာမန်လန်ချားဆွဲဘဝကနေ နံမည်ကျော်တယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့Cheung Tin Chi. ဟာလဲ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာမြင်ရမှာပါမလွတ်တမ်းကြည့်သင့်တယ်လို့ဆိုတာထက် ကြည့်ရမယ်လို့ပဲညွှန်းပါရစေ