ဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေကသူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ တွဲချည်ထားတဲ့dream catcher ကိုတွေ့ပါတယ်…ဆရာသမားက အဲဒီ dream catcher က ငှက်မွေးအနီရောင်လေးကို မတော်တဆ ဖြုတ်မိသွားတဲ့အချိန် … ရေတွင်းထဲက အသံတစ်ခုကြားလိုက်ရလို့ အလန့်တကြားလွှတ်ချလိုက်ပေမယ့် နောက်တစ်နေ့ သူ့ရဲ့ အိပ်ခန်းထဲမှာပဲ အဲဒီပစ္စည်းလေး ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ် အဲဒီညက စလို့ ကန်နာတစ်ယောက် ထူးဆန်းတဲ့ အိပ်မက်တွေကို စပြီးမက်ပါတယ်အိမ်မက်ထဲက တစ္ဆေတွေဟာ လက်တွေ့ဘဝက အိမ်ကြီးထဲအထိ ရောက်လာခဲ့ပြီး သူတို့တစ်မိသားစုလုံးကို ဒုက္ခပေးပါတော့တယ် အဲဒီလို မတရားခြောက်နေတဲ့ နာနာဘာဝတွေရန်ကတစ်မိသားစုလုံး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို Comedy/Horror တို့ ထုံးစံ “အကြောက်” တစ်ခါ “အဖောက်” တစ်လှည့် ခံစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ်