၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့The Secret Life Of Pets ကာတွန်းကားလေးကိုပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီးအိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်းအပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကိုဟာသနှော တင်ဆက်သွားတာပါ။ IMDb 6.8 နဲ့ Box Office မှာ 760$Millions ထိအောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့…..အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။ သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြို့တော်ကြီးမှာအပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။သူ ကြုံရတဲ့ အခက်အခဲဆိုလို့ Katie မနက် ရုံးသွားတိုင်းအတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။ ဒါပေမဲ့လည်း Katieပြန်ရောက်တဲ့အထိတစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့Duke ဆိုတဲ့တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုံးလာရတာမို့Duke ကို အိမ်ပေါ်က နှင်ထုတ်ဖို့ ကြံရင်းဖန်ရင်းအလွဲလွဲအချော်ချော်ဖြစ်ပုံလေးကိုရယ်ရယ်မောမော ကြည့်ရှုခံစားရမှာပါဗျ။မိသားစုနဲ့အတူ ဘာကားကြည့်ရမလဲ မသိဖြစ်နေရင်ဒီကားလေးကို ရွေးချယ်ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။