The Secret Life of Pets 2 FHD

The Secret Life of Pets 2

Comedy Family Adventure Animation FHD 2019-05-24 6.963 86 Min

Secret Life Of Pets (2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။ကျွန်တော်တို့ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက်အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ထိပ်တိုက်မတွေ့အောင်ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့ကအပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလိုတစ်ဖက်မှာလည်း ယုန်လေးSnowball ဟာအရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲတိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်းသူ့ကိုအကူအညီလာတောင်းတဲ့ အမှုသည်တစ်ယောက်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတာမို့ အရူးဘုံမြောက်ဝမ်းပမ်းတသာ ကူညီပေးရှာပါတယ်။ဒီလိုနဲ့ ကယ်တင်ရေးမစ်ရှင် စွန့်စားခန်းထွက်ကြတယ်ပေါ့ဗျာကာတွန်းကားဆိုပေမဲ့ ယူသင့်ယူထိုက်တဲ့ သင်ခန်းစာလေးတွေကိုပါးပါးနပ်နပ် ထည့်သွင်းပြသသွားတာမို့ အချိန်ပေးကြည့်ရှုရတာ တန်ပါတယ်ဗျာ။