Katy Perry: Part of Me FHD

Katy Perry: Part of Me

Documentary Music FHD 2012-06-28 7.148 93 Min

Katy Perry လို့ဆိုလိုက်ရင် သူ့ရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Hot n Cold”၊ “Roar”၊ “Teenage Dream”နဲ့“I Kissed a Girl”တို့ကို တန်းပြီး မျက်လုံးထဲပေါ်လာကြမှာပါ။သူ့ရဲ့ခေတ်သစ်ပေါ့ပ်သီချင်း‌တွေနဲ့ သူမတူတဲ့ Camp တွေကြောင့်“Queen of Camp”လို့တင်စားရတဲ့သူ၊ ခေတ်သစ်ပေါ့ပ်ဂီတသမိုင်းမှာ စံချိန်များစွာချိုးဖူးတဲ့သူတစ်ယောက်။ဒါလေးကတော့ (2012)တုန်းက “California Dreams Tour”ဖျော်ဖြေရေးခရီးစဉ်နဲ့ သူရဲ့အတ္ထုပ္ပတ္တိကို တွဲပြီးမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ Katy တစ်ယောက် တင်းကြပ်လွန်းတဲ့ ဘာသာရေးအသိုင်းအဝိုင်းမိသားစုကနေ အနုပညာလမ်းပေါ် စပြီးလျှောက်လှမ်းဖြစ်ခဲ့ပုံတွေ၊ ဂီတကိုရူးသွပ်ခဲ့ပုံတွေနဲ့ K‌atyနဲ့ သူ့ပရိတ်သတ်တွေကြားကဆက်ဆံရေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေရဲ့အမြင်တွေကိုထည့်သွင်းရိုက်ကူးထားပါတယ်။ ဒါကြောင့် KatyCatsတို့အတွက် CMကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။