Napoleon HD

Napoleon

Drama History Adventure War HD 2023-11-22 6.371 158 Min

မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ RidleyScott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down,The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့်မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး နပိုလီယံဘိုနာပတ်အကြောင်းကို ရိုက်မယ်ဆိုရင် ပြောစရာတွေအရမ်းများလွန်းလို့ အကုန်ပါဖို့မလွယ်ပါဘူး။ သူ့ရဲ့တိုက်ပွဲကြီးတွေအကြောင်းပြောမလား၊ သူ့ရဲ့ စိတ်ဝင်စားစရာလက်စွဲတော် ဗိုလ်ချုပ်တွေအကြောင်းပြောမလား၊ ဂျိုးဆက်ဖင်းနဲ့သူ့ရဲ့အချစ်ရေးအကြောင်းပြောမလား အများကြီးပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲ့ အအောင်မြင်ဆုံးတိုက်ပွဲတွေနဲ့ ကျဆုံးချိန်ရောက်သွားစေတဲ့တိုက်ပွဲတွေအကြောင်းကို အဓိက ပြသထားပြီး ဂျိုးဆက်ဖင်းနဲ့အချစ်ဇာတ်လမ်းကို ရောယှက်ထားပါတယ်။ သရုပ်ဆောင်၊ ရိုက်ချက်တွေ ပြောစရာမလိုအောင် ကောင်းတာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားပါပဲ။အမြောက်တပ်ဗိုလ်ကြီးအဖြစ်ကနေ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်ရာထူးတိုးလာပြီး တိုက်ပွဲကြီးတွေ ဆက်တိုက်အောင်မြင်ခဲ့တာတွေ၊ ပြင်သစ်တော်လှန်ရေးမှာ အင်ပါယာဖြစ်လာတာတွေ၊ရုရှားနဲ့စစ်ပွဲမှာအကြီးအကျယ်ဆုံးရှုံးပြီး နယ်နှင်ခံရတာတွေ၊ နယ်နှင်ခံရတဲ့ဘဝကနေ ပြင်သစ်ကို ပြန်တိုက်ယူဖို့ကြိုးစားတာတွေနဲ့ နောက်ဆုံးအဆုံးသတ် ဝါတာလူးစစ်ပွဲအကြောင်းတွေကို မြင်ရမှာပါ။ကြည့်လိုက်ကြပါဦး။