Inside the Mind of a Cat FHD

Inside the Mind of a Cat

Documentary FHD 2022-08-18 7.34 67 Min

“ကြောင်တစ်ကောင်ရဲ့ စိတ်ထဲမှာဘာတွေဖြစ်နေမလဲ”ဒီမေးခွန်းက‌တော့ ကြောင်ချစ်သူတွေနဲ့ ကြောင်တွေကိုလေ့လာတဲ့သုတေသနပညာရှင်တွေ ယနေ့အချိန်အထိဖော်ထုတ်ဖို့ကြိုးစားနေကြတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းကကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတဲ့ ကြောင်လေးတွေရဲ့စိတ်ကိုအခုထိအပြည့်အဝနားမလည်နိုင်ကြသေးသလိုကြောင်တွေနဲ့ပတ်သတ်တဲ့ သုတေသနတွေကလည်းခွေးတွေနဲ့ပတ်သတ်တဲ့ သုတေသနထက်စာရင်(၁၅) နှစ်လောက်ကို နောက်ကျနေပါတယ်ယနေ့ခေတ်မှာတော့ ကြောင်တွေကို အထူးပြုတဲ့သိပ္ပံပညာရှင်တွေအများကြီးပေါ်ထွန်းလာရုံသာမကကြောင်တွေနဲ့ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ၊ သုတေသနတွေလည်းအများကြီးလုပ်လာနိုင်ခဲ့ပါပြီ။ ဒီလိုမျိုးပဟေဠိဆန်လှတဲ့ အဖော်ကြောင်လေးတွေရဲ့စိတ်အတွင်းမှာဖြစ်နေတာတွေ၊ အပြုအမူတွေ၊ ပင်ကိုစရိုက်တွေနဲ့အမူအကျင့်တွေကွာခြားပုံကို ကမ္ဘာအနှံ့ကကြောင်ကျွမ်းကျင်ပညာရှင်တွေရဲ့ပညာရှင်ဆန်ဆန်ရှင်းပြချက်နဲ့အတူ လိုက်ပါစီးမြောပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2022 မှာထွက်ရှိပြီး Netflix ကထုတ်လွှင့်ခဲ့တဲ့Documentary တစ်ပုဒ်ဖြစ်တဲ့အပြင်ကြောင်လေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ဦးစားရေးရိုက်ကူးထားတာဖြစ်လို့ကြောင်ချစ်သူတွေအတွက် ကြည့်လို့ကောင်းမဲ့Documentary တစ်ပုဒ်ဖြစ်မှာ အမှန်ပါပဲ။