Ajay Gadu HD

Ajay Gadu

Unknown HD 2024-01-12 8.3 0 Min

နှစ်သစ်မှာ အသစ်ထွက်ရှိလာတဲ့Romance ဇာတ်ကားအသစ်လေး တင်ပေးလိုက်ပါတယ်ရုပ်ရှင်က အခုမှ ထွက်တာမို့ rating တွေတောင် မထွက်လာသေးတဲ့အချိန်ရရချင်း အမြန်တင်ပေးလိုက်တာပါဇာတ်လမ်းကတော့ အာဂျေးဆိုတဲ့ ဒါရိုက်တာ/စာရေးဆရာဖြစ်ချင်သူရိုးသားကြိုးစားဖိုးသခွားလေးတစ်ယောက် မြို့တက်ပြီးအဖေ့အသိတစ်ယောက်အဆက်နဲ့ ရုံးတစ်ရုံးမှာ content writer ဝင်လုပ်နေပါတယ်အိပ်မက်တွေနောက် ကြိုးစားလိုက်နေပေမယ့်လည်း အခက်အခဲတွေနဲ့တွေ့တိုင်းလဲကျလိုက် ပြန်ထလိုက်နဲ့ တစ်နေ့တော့ ရုံးကနေ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်ညဘက် လမ်းမှာလည်း လူဆိုးတွေ ဝိုင်းထိုးတာခံရလို့ မေ့မျောနေတဲ့အချိန်ကယ်တင်ရှင်တစ်ယောက် ပေါ်လာပါတော့တယ်သူကတော့ ချောမောလှပတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာ ဆွယ်သာပဲဖြစ်ပါတယ်ဆရာဝန်မလေးက သူ့ကို အိမ်ခေါ်သွားပြီး ဆေးထည့်ပေးရင်းနဲ့စတင်ခင်မင်ရင်းနှီးခဲ့ရာကနေ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တဲ့ အာဂျေးတစ်ယောက်သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရော ရှိပါ့မလားအချစ် အလွမ်းနဲ့ လောကဓံတို့ကြားမှာ အာဂျေးတစ်ယောက်ဟန်ချက်ညီညီ မတ်မတ်ရပ်နိုင်ပါ့မလားဆိုတာဒီ ရိုမန့်ကားလေးမှာပဲ ပရိသတ်ကြီး ဆက်လက်ခံစားပေးကြပါဦး