Hellbound: Hellraiser II HD

Hellbound: Hellraiser II

Horror Thriller HD 1988-12-23 6.385 97 Min

Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲအများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horrorဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ TonyRandel က လက်စွမ်းပြထားပါတယ်။ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ပထမကားထဲကသူတွေပဲဖြစ်ပြီး နောက် Characterနှစ်ယောက်ကို ထပ်ထည့်ထားပါတယ်။ ရင်တုန်စိတ်လှုပ်ရှားစရာတွေနဲ့ ဆီနိုဘိုက်တို့ရဲ့လောကကြီးကတော့ စောင့်နေပါပြီ။ပဟေဠိသေတ္တာကို ဖွင့်လိုက်ကြပါဦး။