Lake Placid 3 FHD

Lake Placid 3

Action Horror Thriller Science Fiction FHD 2010-08-21 5.1 93 Min

ဇာတ်ကားနံပါတ် 2 မှာ ရေကန်ထဲကမိကျောင်းတွေကိုရှင်းပစ်ပြီးအတွက်မိန်းမြို့ကအရင်လိုပြန်စည်းကားနေပါတယ်။ ဒါပေမယ့် မိကျောင်းအန္တရာယ်တွေကိုသတိထားကြောက်နေရတုန်းပါပဲ။တာဝန်ခံတောခေါင်းဝေလင်းဂျာကတော့သူ့လက်ထက်မှာအရင်လိုထပ်ဖြစ်မှာစိုးတဲ့အတွက်ရေကန်ကိုတောက်လျှောက်ကင်းလှည့်နေပါတယ်။ တစ်ဖက်မှာအဖွားကြီးဆေဒီရဲ့ တူဖြစ်သူ နေသန်ဟာ ရေကန်ဘေးကသူ့‌အဒေါ်ပိုင်ဆိုင်တဲ့အိမ်ကိုရောင်းချဖို့အတွက်လာရောက်ကြည့်ရှုနေပါတယ်။နေသန်ကတိရိစ္ဆာန်ဗေဒပညာရှင်ဖြစ်တဲ့အတွက် သစ်တောနားက သမင်ကြီးတွေကိုလေ့လာကြည့်ရှုရင်းနဲ့ ရောင်းမယ့်အိမ်မှာ ခဏတာနေနေပါတယ်။နောက်ပိုင်းမှာအချက်ပေးစက်တပ်ထားသမင်တစ်ကောင်က မြစ်နားအသတ်ခံလိုက်ရတယ်။ အစက ဒါကိုအမဲခိုးလိုက်သူတွေရဲ့လုပ်ရပ်လို့ထင်ထားပေမယ့် ခဏခဏပျောက်ဆုံးနေတဲ့အခါမသင်္ကာတော့ပဲတောခေါင်းနဲ့အတူ လိုက်လံရှာဖွေကြည့်တဲ့အခါတော့….