ဒီဇာတ်ကားကတော့ Lake Placid ကားတွရဲ့နှစ်ကားမြောက်ပါ။ဒီဇာတ်ကားမှာတော့ မိန်းမြို့ကရေကန်တစ်ခုမှာ လူတွေပျောက်ပျောက်နေတဲ့သတင်းက ခဏခဏကြားနေရပါတယ်။ ရေကန်နားကို စခန်းချခရီးထွက်သူတွေရော စူးစမ်းရှာတွေတဲ့သူတွေရောအကုန်လုံးကသတိမမူပဲလာရောက်ကြပြီး ပျောက်ချင်းမလှပျောက်သွားကြတယ်။ဒီကိစ္စကရေကန်မှာ တာဝန်ကျတဲ့ ရှရစ်ဖ်ရိုင်လီအတွက်ခေါင်းခဲစရာတွေဖြစ်လာပါတော့တယ်။အကြောင်းအရင်းကိုရှာဖွေကြည့်တဲ့အခါမှာဧရာမမိကျောင်းတွေကြောင့်ဆိုတာသိသွားတယ်။ မိကျောင်းတွေကိုစခန်းလူတွေနဲ့ အမဲလိုက် သမားစထရတ်သာစ်တို့နဲ့အတူ ဘယ်လိုနှိမ်နင်းမလဲဆိုတာသည်းထိတ်ရင်ဖိုကြည်ရှု့ပေးကြပါဦး။