Santa, Maybe HD

Santa, Maybe

Comedy Romance TV Movie HD 2023-11-18 8.2 84 Min

လိုင်လာဆိုတဲ့ ကောင်မလေးက ပြဇာတ်ရုံတစ်ခုမှာ ရုံမန်နေဂျာဖြစ်ပြီးအရာအားလုံးကို စိတ်ပူပင်တတ်ပြီး ကိုယ်တိုင်ဝင်ပါလုပ်ရမှာ စိတ်အေးတတ်တဲ့လူမျိုး။ အစ်ကိုနဲ့ အမေဖြစ်တဲ့ မိသားစုအချိန်တွေတောင် အလုပ်ရှိလို့ဆိုပြီး တစ်ခါတလေ အချိန်မပေးနိုင်သူမျိုး။ တစ်ရက်ကျ ပြဇာတ်ရုံကို မားကတ်တင်းမန်နေဂျာအသစ် ဂလင်းရောက်လာတယ်။ဖြစ်ချင်တော့ ဂလင်းဆိုတဲ့လူက အထက်တန်းကျောင်းမှာတုန်းက လိုင်လာ့ကို အမျိုးမျိုးစနောက်ပြီး အနိုင်ကျင့်ခဲ့တဲ့လူတစ်ယောက်။ ခုလည်းအလုပ်ထိ ရောက်လာတော့ လိုင်လာနဲ့ ဂလင်းတို့ ဘုနဲ့ဘောက် ဘယ်လိုဆက်ဖြစ်မလဲပေါ့လေ။ ဒီအချိန်မှာပဲ ကုမ္ပဏီကနေ လျှို့ဝှက်ဆန်တာဆိုတဲ့ကစားနည်းကစားတဲ့အခါ ဂလင်းအနေနဲ့ မဲနှိုက်ရာမှာ လိုင်လာ ဖြစ်နေတော့သူမသိအောင်လည်း တစ်ပတ်ကို လက်ဆောင်တစ်ခု ဘယ်လိုပေးကြမလဲဆိုတာ ကြည့်ရှုရမယ့် ခရစ္စမတ်အခြေခံ ဒရမ်မာအချစ်ကားလေး ဖြစ်ပါတယ်။